Friday, July 19, 2019

Essential Hardware For a Computer

ခုတင်ပေးမဲ့ အကြောင်းအရာလေးကတော့
(Essential Hardware For a Computer)


💻#ကွန်ပျူတာမှာ #မရှိမဖြစ်တဲ့ #hardwareပစ္စည်း (၁၀)မျိုးကို တင်ပေးပါရစေ။
1~Monitor🖥️
2~Motherboard💎
3~CPU (Central Processing Unit)🛎️
4~RAM (Random Access Memory)💾
5~H.D.D (Hard Disk Drive)📼
6~PSU (Power Supply Unit)🔋
7~CD/DVD Drive💽
8~Keyboard⌨️
9~Mouse🖱️
10~Casing Box🗄️
ဒီခု Hardware ပစ္စည်း၁၀မျိုးကို ထုတ်တဲ့ ကုမ္ပဏီတွေ၊ အမျိုးအစားတွေတော့ မရေးပြတော့ပါဘူး ကုမ္ပဏီနဲ့ အမျိုးအစားတွေကတော့ အများကြီးရှိတာမို့ ရေးနေရင် ဆုံးမည်မဟုတ်တော့ပါ။ ဒါကြောင့်မို့
🤔အဓိပ္ပါယ်ကို အနည်းငယ်မျှ နားလည်အောင် ရှင်းပြပါရစေ....
Detailကျကျတော့ မဟုတ်ဘူးပေါ့ဗျာ.....
1. Monitor

👉Monitorဆိုတာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး
ကျွန်တော်တို့ vဒီယိုကြည့်ကြည့်ကြတဲ့အခါ ဖန်ပြားပေါ်မှာ အရုပ်တွေပေါ်တဲ့ Deviceတစ်ခုပါဘဲဗျ။
👉ကျွန်တော်တို့ ကွန်ပျူတာသမားတွေ အမြင်နဲ့ ပြောရရင်တော့ မိမိတို့ Inputလုပ်သမျှ အရာအားလုံးကို ပြန်ပြီး Outputပြန်ပြပေးတဲ့ ပစ္စည်းလို့ မှတ်ယူရမှာဘဲဗျ☺️
🗣(ဥပမာ~အနေနဲ့ပြောရရင်တော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ စာစီစာရိုက်တယ်ဘဲဆိုပါစို့။ ကွန်ပျူတာကီးဘုတ်ကနေ S5လို့ရိုက်လိုက်တဲ့အခါမှာ Monitor screenပေါ်မှာ S5ဆိုတာ ပေါ်လာမှာပါ၊ အဲ့ဒီလို အခြေအနေမှာ
👉ကီးဘုတ်ကနေ S5လို့ရိုက်လိုတာက ကျွန်တော်တို့ ကီးဘုတ်ကိုInput လုပ်လိုက်တာပါ။
👉S5ဆိုပြီး Monitor screenမှာ ပေါ်လာတာက monitorက Outputလုပ်ပေးတာလို့ ဆိုလိုပါတယ်။)
Monitorကို ထုတ်လုပ်သူတွေရဲ့ နည်းပညာတွေတိုးတက်မှုကြောင့် နည်းပညာကွာခြားချက်အလိုက် Monitorမှာ CRT (Cathode Ray Tube), LCD (Liquid Crystal Display)ဆိုပြီး (၂)မျိုး ခွဲပါတယ်။ ဒါတင်မကသေးပါဘူး LCDမှာမှ LCD (Liquid Crystal Display) နဲ့ LED (Light-Emitting Diode)ဆိုပြီး (၂)မျိုးပြန် ကွဲပါတယ်။

2. Motherboard

👉Motherboardကတော့ ကွန်ပျူတာမှာရှိတဲ့ Device တိုင်း Deviceတိုင်းဟာ သူနဲ့ ချိတ်ဆက်မှသာလျှင် အလုပ်လုပ်ပါတယ်ဗျ၊
👉"ကွန်ပျူတာမှာ အဓိက ကျတဲ့ အပြား" လို့ ဘာသာပြန်ဆိုချင်ပါတယ်ဗျ
ဒါပေမဲ့ဘာသာပြန်ရင်တော့ Motherနဲ့ boardနဲ့ကို ခွဲလို့ ဘာသာပြန်လို့တော့မဖြစ်ဘူးဗျ😁 အဓိပ္ပါယ်တွေ အလွှဲထွက်ကုန်လိမ့်မယ်😁😆

3. CPU (Central Processing Unit)

👉Central Processing Unitဆိုတဲ့အလိုက် "အလယ်ဗဟိုကျကျ တွက်ချက်ပေးတဲ့ စနစ်" လို့ အဓိပ္ပါယ်ရပါတယ်ဗျ။
ဒါပေမဲ့ "ကွန်ပျူတာမှာ အဓိကကျကျ တွက်ချက်တဲ့ စနစ်" လို့ဘာသာပြန်ရင် ပိုမှန်ပါလိမ့်မယ်ဗျ။
👉ကွန်ပျူတာတစ်ခုလုံးမှာတပ်ဆင်ထားတဲ့ ပစ္စည်းအားလုံးရဲ့
တွက်ချက်မှုအားလုံးကို လုပ်ဆောင်ပေးပါတယ်။ CPU တစ်လုံးရဲ့
မြန်နှုန်းကို MHz(Megahertz) (သို့) GHz(Gigahertz) ဆိုတဲ့
unit တွေနဲ့ တိုင်းတာ တပ်မှတ်ပါတယ်။

4. RAM (Random Access Memory)

သူကတော့ "ယာယီမှတ်ဉာဏ်"လို့ ပြောလို့ရပါတယ်ဗျ။
RAMဟာဆိုရင် ကွန်ပျူတာဖွင့်ထားစဉ် အချိန်လေမှသာ မှတ်ထားပေးတာပါ။ ကွန်ပျူတာကို Shut downချလိုက်တာနဲ့ တစ်ပြိုင်နက် RAMမှာ ခဏမှတ်ထားတဲ့ Processတွေအားလုံး cleanလုပ်လိုက်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင်တော့ ကျောင်းနေစဉ် ပထမတန်း၊ ဒုတိယတန်းလောက်က သင်္ချာတွက်တဲ့အခါ ဆရာက ၅နဲ့ ၆နဲ့ပေါင်းခိုင်းတဲ့ အခါမှာ ကျွန်တော်တို့က #၅ကိုစိတ်ထဲမှာမှတ်၊ လက် ၆ချောင်းထောင်၊ ၆ပြီးရင် ၇၊ ၇ပြီးရင် ၈.....စသဖြင့် အဲ့ဒီလိုပေါင်းကြရပါတယ်။ အဲ့ ဒီအခြေအနေမျိုးမှာ #၅ကိုစိတ်ထဲမှာမှတ် ဆိုတာက ခဏတာ စိတ်ထဲမှာ မှတ်ထားခြင်းဖြစ်ပါတယ်၊ ထိုနည်းတူဘဲRAMကလည်း ခဏတာ ကွန်ပျူတာစက်ဖွင့်ထားစဉ် အချိန်မှာသာ မှတ်ပေးထားခြင်းဖြစ်ပါတယ်။
‌ယာယီသိုလှောင်ပေးထားတဲ့ Temporary Storage Deviceလို့လဲ ခေါ်ပါတယ်ဗျ။ RAM ကို bit, byte, MB, GB စသဖြင့် Unitများနဲ့ တိုင်းတာသတ်မှတ်ပါတယ်။

5. H.D.D (Hard Disk Drive)

သူ့ကိုတော့ "အမြဲတမ်းမှတ်ဉာဏ်"လို့ ပြောလို့ရသလို Storage Deviceလို့လဲ ပြောလို့ရပါတယ်။ သူကတော့ User Data တွေ, Files တွေ, Folders တွေ, 
Documents တွေ, ဖျော်ဖြေရေး Media တွေ သိုလှောင်သိမ်း
ဆည်းနိုင်တဲ့အရာပါ (RAM နဲ့မတူဘူးဆိုတာတော့ သတိထားပါ)
ဥပမာအနေနဲ့ ပြောရရင်တော့ ကျောင်းနေစဉ် သူငယ်တန်းလောက်က သင်ရတဲ့ ကကြီး(က)၊ ခခွေ(ခ)၊ အေ(a)၊ ဘီ(b)၊ စီ(c)၊ တွေကို မှတ်ထားတာနဲ့ တူညီပါတယ်။ ဘာလို့လဲဆိုရင် ကကြီး၊ ခခွေး၊ တွေကို ဘယ်ခါမြင်မြင်မှတ်မိနေ ရနေလို့ဖြစ်ပါတယ်၊ ဒါဟာကွန်ပျူတာအနေနဲ့ ပြောရရင် အမြဲတမ်းမှတ်ဉာဏ်H.D.D ထဲမှာ ထည်ထား သိမ်းထားလို့ပါဘဲဗျ.......

6. Power Supply Unit

👉ကွန်ပျူတာDeviceတွေမှာ လိုအပ်တဲ့ Powerတွေကို ACကနေ DCကိုပြောင်းပြီး လိုအပ်သလောက် အညီအမျှ ထောက်ပံ့(ထုတ်လွှတ်) ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ 400Wကစပြီး ၅၀စီခြားပြီး Wattအား အသီးသီးရှိကြပါတယ်။

7. CD/DVD Drive

သူကတော့ CD/ DVDခွေတွေကို Read, Writeလုပ်ပေးတဲ့ Device(ပစ္စည်း)တစ်ခု ဖြစ်ပါတယ်ဗျ........
DVDတွေမှာဆိုရင် DVD-R, DVD-R/W စသဖြင့် မျိုးစုံရှိကြပါတယ်။ ခုပြောချင်တာက DVDရဲ့ နောက်က Rနဲ့ Wအကြောင်းပြောပြချင်တာပါ။ R=Read(ဖတ်)
W=Write(Write ကတော့ အခွေတစ်ခွေကိုယ်တိုင်
ဖန်တီးဖို့ပါ။ အခွေကူးတာကို ခွေ Burn တယ်လို့လဲခေါ်ပါတယ်)။
သူတို့ရဲ့ capacityကတော့
CD = 650MB နဲ့ 700MB
DVD = 4.7GB ရှိပါတယ်။

8. Keyboard

သူကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး
စာရိုက်ဖို့ စာလုံးတွေပါတဲ့ အပြား (အချပ်)လို့ ပြောချင်ပါတယ်။
စာရိုက်ဖို့အသုံးပြုတဲ့ အပြာ(အချပ်)ဖြစ်ပါတယ်။

9. Mouse

သူကတော့ ကြွက်ပုံစံနဲ့ တူလို့ပေါ့ဗျာ😁😁
မိမိတို့ အသုံးပြုလိုတဲ့ Fileများ၊ Softwareများ အစရှိသဖြင့် ဖွင့်လို အသုံးပြုလိုသောအခါ၊ ပြုလုပ်ဖွယ်ရာများကို pointerများ ညွှန်း၍ အသုံးပြုပါသည်။

10. Casing box

နောက်ဆုံး နံပါတ် 10. Casing box 🗄️
👉ကွန်ပျူတာတစ်လုံးတပ်ဆင်ရန်အတွက်ပုံးအခွံသက်သက်ဖြစ်ပါတယ်။
~သူ့ကို System Boxလို့လဲခေါ်သလို Casing boxလို့လဲ ခေါ်ကြပါတယ် ဒါပေမဲ့ သူတို့ နှစ်ခုက မတူကြဘူးဗျ။ 
ရှေ့မှာပြောခဲ့တဲ့ No.2 to 7တပ်ထားရင်တော့ System boxလို့ ခေါ်ပါတယ်ဗျ၊ သူ့အထဲမှာ ဘာမှ မတပ်ထားဘူး ပုံးခွံအလွတ်ကြီးဘဲဆိုရင်တော့ Casing boxလို့ခေါ်ပါတယ်ဗျ။
ခုလို ပြီးဆုံးသည်အထိ ဖတ်ကြည်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ....

#S5 Technology

0 comments:

Post a Comment